Facebook Comments Box
လာဘ်ပိတ်ပြီး စိတ်ညစ်နေသူ၊ ငွေကံမပွင့်သူများ ဆောင်ရွက်ရန် ဒါနအဓိဋ္ဌာန်

(Unicode)
လာဘ်ပိတ်ပြီး စိတ်ညစ်နေသူ၊ ငွေကံမပွင့်သူများ ဆောင်ရွက်ရန်
ဒါနအဓိဋ္ဌာန်

သစ်တံခါးဆရာတော် *

ငွေကံမပွင့် လာဘ်လာဘတွေ ပိတ်ဆို့နေပါက လုပ်သမျှ မအောင်မြင်ဖြစ်နေပါက မိမိတို့စားမည့်ဆန်အိုးထဲမှ အနည်းငယ်မျှသောဆန်ကို ယူပြီး မြေကွက်လပ်နေရာတစ်ခု စီစဉ်ပြီး စာကလေးတွေကို အစာကျွေးပါ။
အာရုံထားပုံ
စိတ်ထဲမှနေပြီး ယခုဒါနပြုခြင်းသည် မိမိတို့စားမည်ဖြစ်သောဆန်အိုးထဲမှ၊ ဆန်အိတ်ထဲမှ ခွဲဝေ၍ ဒါနပြုခြင်း၊ အလှူဒါနပြုခြင်း ဖြစ်ပါ၏။ ဤမှန်သော သစ္စာကစားတော်ကြောင့် စီးပွားကျ စိတ်ညစ်နေရပြီး ပိတ်ဆို့နေသော လာဘ်လာဘများ ပွင့်ပါစေ၊ လာဘ်လာဘတွေ ရွှင်ပါစေ၊ ငွေဝင်ပါစေ၊ စိတ်မှ ရည်မှန်းပါ။ ယခုလာရောက်၍ သုံးဆောင် စားသုံးကြသော စာကလေး၊ ခို၊ ကျီးငှက်ကလေးတွေ ဝမ်းသာပီတိဖြစ်ကာ စားသုံးနိုင်၊ ပျော်ရွှင်နိုင်သလို ပျော်ရွှင်ရပါလို၏။ သုံးဆောင်ရပါလို၏။ ဒါနအကျိုး ဆက်၍ တိုးပွားကာ ဆောင်ရွက်နိုင်ရပါလို၏ဟု စိတ်မှ ရည်မှတ် ပြောဆိုကာ လေယာဉ်သဖွယ် တစ်ကောင်ပြီးတစ်ကောင် ဆင်းသက်စားသောက် အသံပေးနေကြသော စာကလေးတွေ၊ ငှက်ကလေးတွေကို ကြည့်ပြီး အလှူဒါနကို ပွားကာ ပီတိဖြစ်နေပါ။
ထူးခြားပါ၏။ ရက်များမကြာမီ လာဘ်လာဘတွေ အလုပ်အကိုင်တွေ ကောင်းကာ အဆင်ပြေမည်။ နေ့စဉ်နေ့တိုင်း နံနက်တိုင်း အာစိဏ္ဏကံ ဆောင်ရွက်နိုင်ပါက ပိုပြီးထူးခြားပါ၏။
နောက်တစ်နည်း ဆောင်ရွက်ပုံ
စာကလေး၊ ငှက်တွေ၊ ခိုတွေ၊ ကျီး ကျွေးစဉ် ဤဂါထာလေး ရွတ်ပွားပြီး ဆောင်ရွက်ပါကလည်း ထူးခြားပါ၏။
“ဥုံ အကု အကု ဗုဒ္ဓေါပိယ ဓမ္မောပိယ၊ သံဃောပိယ ဣစ္ဆာသယ အာလောက် အာလောက် အာလောက်” ဟု ၃၇ ခေါက် ရွတ်ဆိုပြီး ကျွေးပါကလည်း ထူးခြားပါ၏။
တကယ်လိုချင် တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ပါ၏။ ယုံကြည်မှုသာ အရေးကြီးပါ၏။ ဂုဏ်တော် တစ်ပါးပါး ပွားပြီး မေတ္တာပို့လွှတ်ကာ ဆောင်ရွက်ပါ။ ဒါနပြုပါ။ ပိုပြီး သိသာပါ၏။ ဆောင်ရွက်ကြည့်ပါ။ လက်တွေ့ပါပဲ။
သစ်တံခါးဆရာတော်၏ “ကံထူးကံမြင့်လာဘ်ပွင့် လောကီအောင်မြင်စေကြောင်းအဓိဋ္ဌာန်ကျင့်စဉ်များ” စာအုပ်မှ ကူးယူဖော်ပြပါသည်။

(Zawgyi)
လာဘ္ပိတ္ၿပီး စိတ္ညစ္ေနသူ၊ ေငြကံမပြင့္သူမ်ား ေဆာင္႐ြက္ရန္
ဒါနအဓိ႒ာန္

  • သစ္တံခါးဆရာေတာ္ *

ေငြကံမပြင့္ လာဘ္လာဘေတြ ပိတ္ဆို႔ေနပါက လုပ္သမွ် မေအာင္ျမင္ျဖစ္ေနပါက မိမိတို႔စားမည့္ဆန္အိုးထဲမွ အနည္းငယ္မွ်ေသာဆန္ကို ယူၿပီး ေျမကြက္လပ္ေနရာတစ္ခု စီစဥ္ၿပီး စာကေလးေတြကို အစာေကြၽးပါ။
အာ႐ုံထားပုံ
စိတ္ထဲမွေနၿပီး ယခုဒါနျပဳျခင္းသည္ မိမိတို႔စားမည္ျဖစ္ေသာဆန္အိုးထဲမွ၊ ဆန္အိတ္ထဲမွ ခြဲေဝ၍ ဒါနျပဳျခင္း၊ အလႉဒါနျပဳျခင္း ျဖစ္ပါ၏။ ဤမွန္ေသာ သစၥာကစားေတာ္ေၾကာင့္ စီးပြားက် စိတ္ညစ္ေနရၿပီး ပိတ္ဆို႔ေနေသာ လာဘ္လာဘမ်ား ပြင့္ပါေစ၊ လာဘ္လာဘေတြ ႐ႊင္ပါေစ၊ ေငြဝင္ပါေစ၊ စိတ္မွ ရည္မွန္းပါ။ ယခုလာေရာက္၍ သုံးေဆာင္ စားသုံးၾကေသာ စာကေလး၊ ခို၊ က်ီးငွက္ကေလးေတြ ဝမ္းသာပီတိျဖစ္ကာ စားသုံးႏိုင္၊ ေပ်ာ္႐ႊင္ႏိုင္သလို ေပ်ာ္႐ႊင္ရပါလို၏။ သုံးေဆာင္ရပါလို၏။ ဒါနအက်ိဳး ဆက္၍ တိုးပြားကာ ေဆာင္႐ြက္ႏိုင္ရပါလို၏ဟု စိတ္မွ ရည္မွတ္ ေျပာဆိုကာ ေလယာဥ္သဖြယ္ တစ္ေကာင္ၿပီးတစ္ေကာင္ ဆင္းသက္စားေသာက္ အသံေပးေနၾကေသာ စာကေလးေတြ၊ ငွက္ကေလးေတြကို ၾကည့္ၿပီး အလႉဒါနကို ပြားကာ ပီတိျဖစ္ေနပါ။
ထူးျခားပါ၏။ ရက္မ်ားမၾကာမီ လာဘ္လာဘေတြ အလုပ္အကိုင္ေတြ ေကာင္းကာ အဆင္ေျပမည္။ ေန႔စဥ္ေန႔တိုင္း နံနက္တိုင္း အာစိဏၰကံ ေဆာင္႐ြက္ႏိုင္ပါက ပိုၿပီးထူးျခားပါ၏။
ေနာက္တစ္နည္း ေဆာင္႐ြက္ပုံ
စာကေလး၊ ငွက္ေတြ၊ ခိုေတြ၊ က်ီး ေကြၽးစဥ္ ဤဂါထာေလး ႐ြတ္ပြားၿပီး ေဆာင္႐ြက္ပါကလည္း ထူးျခားပါ၏။
“ဥဳံ အကု အကု ဗုေဒၶါပိယ ဓေမၼာပိယ၊ သံေဃာပိယ ဣစာၦသယ အာေလာက္ အာေလာက္ အာေလာက္” ဟု ၃၇ ေခါက္ ႐ြတ္ဆိုၿပီး ေကြၽးပါကလည္း ထူးျခားပါ၏။
တကယ္လိုခ်င္ တကယ္ျဖစ္ခ်င္ တကယ္လုပ္ အဟုတ္ျဖစ္ပါ၏။ ယုံၾကည္မႈသာ အေရးႀကီးပါ၏။ ဂုဏ္ေတာ္ တစ္ပါးပါး ပြားၿပီး ေမတၱာပို႔လႊတ္ကာ ေဆာင္႐ြက္ပါ။ ဒါနျပဳပါ။ ပိုၿပီး သိသာပါ၏။ ေဆာင္႐ြက္ၾကည့္ပါ။ လက္ေတြ႕ပါပဲ။
သစ္တံခါးဆရာေတာ္၏ “ကံထူးကံျမင့္လာဘ္ပြင့္ ေလာကီေအာင္ျမင္ေစေၾကာင္းအဓိ႒ာန္က်င့္စဥ္မ်ား” စာအုပ္မွ ကူးယူေဖာ္ျပပါသည္။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box