Facebook Comments Box
ပိုက်ဆံဝင်ခါနီးဆိုရင် ပြလေ့ရှိတဲ့ ရှေ့ပြေးနိမိတ် (၇)မျိုး။

သင့်အိတ်ကပ်ထဲကို ငွေဝင်တော့မယ်ဆိုရင် ပြလေ့ရှိတဲ့ရှေ့ပြေးနိမိတ် ရမျိုး

ပိုက်ဆံဝင်ခါနီးဆိုရင် ပြလေ့ရှိတဲ့ ရှေ့ပြေးနိမိတ် (၇)မျိုး။

တစ်ချို့အိမ်မက်တွေက ရှေ့မှာဖြစ်လာတော့မယ့် အရာတွေကို နိမိတ်ပြတဲ့အိမ်မက်မျိုးတွေရှိပါတယ်

ဒီလိုအရာတွေကို မယုံကြည်တဲ့လူမျိုးတွေ ရှိကောင်းရှိနိုင်ပေမယ့် အပြင်မှာတကယ်လည်းဖြစ်ခဲ့ ရှိခဲ့တယ်ဆိုတဲ့ သာဓကတွေအများကြီးရှိပါတယ် ပိုက်ဆံဝင်ခါနီးရင် ဘယ်လိုအိမ်မက်မျိုးတွေ မက်လေ့ရှိလဲဆိုတာကို ပရိတ်သတ်ကြီးအတွက် အောက်မှာဖော်ပြပေးလိုက်ပါတယ်နော်။

၁။ နို့ ဒါမှမဟုတ် ပျားရည် အိမ်မက်ထဲမှာ နို့တွေကိုမက်တာ ဒါမှမဟုတ် ပျားရည်ကို မက်တာမျိုးကမကြာခင်မှာ ငွေဝင်တော့မယ်ဆိုတဲ့နိမိတ်ပါပဲ ဥပမာပျားအုံကြီးကို ပျားရည်ညှစ်တာမျိုး နွားနို့ညှစ်တာမျိုးနို့တွေက လမ်းတွေပေါ်မှာ ဖုံးလွှမ်းနေတာမျိုး အစရှိတဲ့အိမ်မက်မျိုးပါ။

၂။ ရွှေနဲ့ လက်ဝတ်ရတနာ ရွှေဆိုတာက ချမ်းသာကြွယ်ဝမှုရဲ့ လက္ခာဏာတစ်ခုပါ ကိုယ့်ရဲ့အိမ်မက်ထဲမှာရွှေတွေကိုမြင်မက်ရင်လည်း ဒါဟာ မကြာခင်မှာ ချမ်းသာတော့မယ်ဆိုတဲ့ ရှေ့ပြေးနမိတ်ဖြစ်ပါတယ်နောက်တစ်ခုကတော့ အိမ်မက်ထဲမှာ နားကပ်ပန်ရတယ်။

လက်စွပ်တွေဝတ်ရတယ်ဆိုပြီး မက်တာမျိုးပါ အဲ့လိုမက်နေပြီဆိုရင်တော့ မကြာခင်မှာ သင်ဝင်ငွေရတော့မှာပါ ဥပမာ အိမ်မက်ထဲမှာ ရွှေချောင်းတွေ ရွှေတုံးတွေရှိတဲ့နေရာ တစ်ရာကိုရောက်တာမျိုး လက်ဆောင်ရတာမျိုး နားကပ်တွေ ပန်ရတယ်လို့ အိမ်မက်မက်တာ မျိုးပါ။

၃။ နံပါတ်(၈) ဂဏန်းနံပါတ် (၈)က တရုတ်နဲ့ အာရှနိုင်ငံတွေမှာဆိုရင်ကံကောင်းစေတဲ့ နံပါတ်တွေလို့ သတ်မှတ်ခံထားရတာပါ ဒါပေမယ့် မြန်မာမှာတော့ (၈)ဂဏန်းက မကောင်းဘူးဆိုတဲ့ အယူအဆတစ်ချို့တော့ ရှိပါတယ်

ဒါပေမယ့်လည်း (၈)က ဝင်ငွေခါနီးရင်တွေ့ရတတ်တဲ့ ရှေ့ပြေးအရာတွေထဲက တစ်ခုပါ(၈) ဂဏန်းကိုမက်ပြီဆိုရင်တော့ သင်မကြာခင် ငွေကံကောင်းတော့မှာ ဖြစ်ပါတယ်။

၄။ လင်းယုန်လင်းယုန်ကို မက်တာကလည်း ငွေဝင်မယ့် ရှေ့ပြေးနမိတ်အိမ်မက်ပါ လင်းယုန်ကတော့ ရဲရင့်မှု သတ္တိရှိမှုကို သူ့ကိုအိမ်မက်မက်ရင်တော့ငွေဝင်တတ်ပါတယ် မစင်တွင်းထဲကျတာ ချီးပုံနင်းမိတာချီးတွေကို တွေ့တာမျိုးတွေ မြင်ရင်မကြာခင်မှာ ငွေဝင်တတ်ပါတယ်။

၅။နောက်တစ်ခုကတော့ ပိုက်ဆံပါ ပိုက်ဆံတွေကို အိမ်မက်ထဲမှာ အပုံလိုက်မက်ရင်လည်း အပြင်မှာပါ ငွေဝင်တတ်ပါတယ်။

၆။ ဂျုံ၊ စပါး ဒါတွေကတော့ အခြေခံမရှိမဖြစ် စားသောက်ကုန်လို့ ပြောလို့ရပါတယ် ဂျုံ စပါးဆိုတာမျိုးက ချမ်းသာခြင်း ပျော်ရွှင်မှုကို ကိုယ်စားပြုတဲ့အရာတွေပါ ဒါကြောင့် သူတို့ကို အိမ်မက်မက်ရင်လည်း ကံကောင်းတတ် ငွေဝင်တတ်ပါတယ်။

၇။ အကောင်တွေ တိရစ္ဆာန်ထဲမှာဆိုရင်တော့ နွား ဆင်တွေ မြင်းတွေကို မက်တာကလည်း ငွေဝင်မယ်ဆိုတဲ့ ရှေ့ပြေးလက္ခဏာပဲဖြစ်ပါတယ် ငှက်ဆိုရင် ကြက်တူရွေး မြွေ၊ ပျား ကင်းမြှီးကောက် ကြွက်တို့ကို မက်ရင်လည်း ငွေဝင်တတ်ပါတယ်နော်။

စာဖတ်သူအပါင်းလည်း ပျော်ရွှင်စရာ နေ့ရက်လေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit Original Writer

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box