Facebook Comments Box
တမလွန်ကသူငယ်ချင်းက အိမ်မက်ပေးပြီး ထီဆုကြီးကိုပေါက်အောင် ကူညီပေးခဲ့

သေဆုံးသွားခဲ့ပြီဖြစ်တဲ့ သူငယ်ချင်းက အိမ်မက်ထဲအထိ အရောက်လာလည်ခဲ့ပြီး ထီဆုကြီးကိုပေါက်အောင် ကူညီပေးသွားခဲ့တဲ့အဖြစ်

ထိုင်းလူမျိုးတွေအတော်များများကလည်း ထီထိုးရတာကိုကြိုက်နှစ်သက်ကြပါတယ် ။

ဒီတစ်ခေါက်ဖော်ပြမဲ့ Tithiya Bantaohome အမည်ရှိတဲ့ အမျိုးသမီးဟာ သူမရဲ့သားဖြစ်သူ အိမ်မက်ကို

အတိတ်ကောက်ယူပြီး ထီထိုးခဲ့ရာ $6,000,000 ထီဆုကြီးကို ဆွတ်ခူးသွားခဲ့ပါတယ် ။

ပြီးခဲ့တဲ့ မတ်လကမှ သားဖြစ်သူရဲ့အချစ်ဆုံး သူငယ်ချင်းကဆုံးပါးသွားခဲ့ပါတယ် ။

ထီဆုပေါက်ခဲ့ရတဲ့အဖြစ်က သေဆုံးသွားခဲ့ပြီဖြစ်တဲ့သူငယ်ချင်းက အိမ်မက်ထဲကိုအလည်လာခဲ့ပြီး

သူဆုံးပါးသွားခဲ့တဲ့ အချိန်ကအင်္ကျီကိုသာ ဝတ်ဆင်လာခဲ့ပြီး အင်္ကျီပေါ်မှာ ‘1970’ ဆိုတဲ့ နံပတ်ပါရှိကြောင်း ပြောပြသွားခဲ့ပါတယ် ။

ထို့အပြင် သူငယ်ချင်းဖြစ်သူက မင်းဘာလို့ အခုထိ ရုန်းကန်နေရသေးတာလဲ ဘာလို့ မချမ်းသာသေးတာလဲ ‘ဆိုပြီး ဆန်အိတ်နဲ့ပိုက်ဆံတွေကို သူ့ဆီပေးဝေမျှသွားခဲ့ကြောင်းသိရပါတယ် ။

Bantaohomeကတော့ သားဖြစ်သူရဲ့ အိမ်မက်ကိုအတိတ်တွေကောက်ယူပြီးနောက် ထီထိုးခဲ့ရာ

ဧပြီလ 1 ရက်နေ့မှာဘဲထီဆုကြီးရဲ့ကံထူးရှင်အဖြစ် ကြေညာခြင်းကို ခံခဲ့ရပါတယ် ။

တစ်ကယ့် သူငယ်ချင်းသံယောဇဉ်ကြီးပြီး သူငယ်ချင်းကို အခက်အခဲတွေကြားက လွတ်မြောက်စေချင်ခဲ့သူလို့ပြောရမှာပါပဲ ။

Credit to original writer

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box