ရွှေစျေး ၁၇ သိန်းကျော်၊ ဝယ်သူများလွန်း၍ စျေးကွက် ဂယောက်ဂယက်ဖြစ်
ရန်ကုန်၊ မေ ၁၂
မြန်မာနိုင်ငံရှိ ပြည်တွင်းရွှေစျေးကွက်တွင် ရွှေစျေးနှုန်းသည် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၇ သိန်းကျော်သို့ ယနေ့ ထိုးတက်သွားပြီး အဝယ်များလွန်း၍ လိုသလောက် ရွှေ မရရှိနိုင်တော့သည့် အခြေအနေဖြစ်လာကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရှိရသည်။
"ဒီနေ့ မွန်းလွဲလောက်က မီးလင်းရွှေက တစ်ကျပ်သားကို ၁၇ သိန်း ၉၀၀၀ ပေါက်တယ်။ အဝယ် တော့ အတော်တက်လာတယ်။ ရောင်းသူရှိပေမယ့် ဝယ်သူများတော့ ပစ္စည်းက လိုသလောက်မရဘူး။ မီးလင်းရွှေစျေးကွက်ရော၊ ဆိုင်တွေမှာရော ဝယ်နေကြတာ။ အဓိက မြန်မာငွေ ခိုင်မာမှု နည်းလာတာကြောင့်နဲ့ နိုင်ငံရေး မတည်ငြိမ်တာ၊ နောက်တစ်ခုကတော့ လူတွေက လက်ထဲမှာ ကျပ်ငွေကို မထားရဲတော့တာ အဲဒါတွေကြောင့်ပါပဲ" ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ပြောသည်။
အမေရိကန်ဒေါ်လာနှင့်မြန်မာကျပ်ငွေ လဲလှယ်နှုန်းထားတွင် အမေရိကန်တစ်ဒေါ်လာ မြန်မာကျပ်ငွေ ၁၇၄၀ ပေါက်နေပြီး စျေးကွက်တွင် ဒေါ်လာ ဝယ်သူများပြားကာ ပစ္စည်းပြတ်လပ်နေကြောင်း သိရှိရသည်။
ယမန်နေ့က အခေါက်ရွှေတစ်ကျပ်သားလျှင် မြန်မာကျပ်ငွေ ၁၆ သိန်းခွဲနီးပါးသာရှိရာမှ ယနေ့တွင် ၁၇ သိန်းကျော်အထိ စျေးနှုန်းတဟုန်ထိုးမြင့်တက်သွားခြင်းဖြစ်သည်။
credit Khit Thit Media
ရွှေဈေး ၁၇ သိန်းကျော်၊ ဝယ်သူများလွန်း၍ ဈေးကွက် ဂယောက်ဂယက်ဖြစ်
ရန်ကုန်၊ မေ ၁၂
မြန်မာနိုင်ငံရှိ ပြည်တွင်းရွှေဈေးကွက်တွင် ရွှေဈေးနှုန်းသည် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၇ သိန်းကျော်သို့ ယနေ့ ထိုးတက်သွားပြီး အဝယ်များလွန်း၍ လိုသလောက် ရွှေ မရရှိနိုင်တော့သည့် အခြေအနေဖြစ်လာကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရှိရသည်။
အမေရိကန်ဒေါ်လာနှင့်မြန်မာကျပ်ငွေ လဲလှယ်နှုန်းထားတွင် အမေရိကန်တစ်ဒေါ်လာ မြန်မာကျပ်ငွေ ၁၇၄၀ ပေါက်နေပြီး ဈေးကွက်တွင် ဒေါ်လာ ဝယ်သူများပြားကာ ပစ္စည်းပြတ်လပ်နေကြောင်း သိရှိရသည်။
ယမန်နေ့က အခေါက်ရွှေတစ်ကျပ်သားလျှင် မြန်မာကျပ်ငွေ ၁၆ သိန်းခွဲနီးပါးသာရှိရာမှ ယနေ့တွင် ၁၇ သိန်းကျော်အထိ ဈေးနှုန်းတဟုန်ထိုးမြင့်တက်သွားခြင်းဖြစ်သည်။
credit Khit Thit Media
Be the first to comment