Facebook Comments Box
ဆံသား တွေမှ တစ်ဆင့် မိန်းကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို သိနိုင်…

ဆံသား တွေမှ တစ်ဆင့် မိန်းကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို သိနိုင်…

(ဆံပင်ရှည်ကြိုက်နှစ်သက်သော မိန်းကလေးများ)

ဆံပင်ရှည်ကို မိန်းကလေး အများစုက သဘောကြကြတယ်။ ဆံပင်ရှည်ကြိုက်နှစ်သက်မိန်းကလေးတွေက စဉ်းစားတွေးခေါ်မှု့ နက်နဲတယ်။
လူမှု့ဆက်ဆံရေးမှာ ခေါင်းမာတဲ့ အသည်းမာတဲ့ မိန်းကလေးမျိုးတွေ ဖြစ်ကြတယ်။

ဂတုံး ဆံပင် မိန်းကလေးများ

ဒီလို မိန်းကလေးမျိုးကတော့ စိတ်ကူးယဉ်ဆန်သောမိန်းကလေးမျိုးဖြစ်ပါတယ်။ ချစ်တက်သော နှလုံးသား ပိုင်ရှင်တွေဖြစ်ကြတယ်။ တစ်ခြား တစ်ယောက်ကို
ချစ်ခြင်းမေတ္တာ ပေးစွမ်းနိုင်ကြတယ်။ ဖော်ရွေသော မိန်းကလေးမျိုးဖြစ်ကြပါတယ်။

ဆံပင်တို ကြိုက်နှစ်သက်သော မိန်းကလေးများ

ဒီလို မိန်းကလေးမျိုးက အနုပညာသွေး အပြည့်အဝ ပါရှိကြပါတယ်။ သူတို့သဘာဝ အလှအပကိုလည်းကြိုက်နှစ်သက်ကြတယ်။ သူတို့ကို သူတို့ ထိန်းသိမ်းနိုင်ပြီး ကျန်းမာရေး ကောင်းမွန်ကြပါတယ်။

ဆံပင်ဖြောင့်ဆင်းသော မိန်းကလေးများ

ဖြောင့်စင်း ပျော့ပျောင်းသော ဆံသားပိုင်ရှင်များကတော့ ဆက်ဆံရေး ကောင်းမွန်းတဲ့
လူမျိုးပါပဲ။ အစီအစဉ်များဖြင့် ပြုလုပ်နိုင်သော မိန်းကလေးမျိုးပါ။ ဒါပေမဲ့ အရာဝတ္တုတွေနဲ့ ရုှပ်ပွအောင် နေတက်တယ်။

ဆံပင်ကောက်ကြိုက်နှစ်သက်သော မိန်းကလေးများ

ဆံပင်ကောက်ကြိုက်နှစ်သက်သောမိန်းကလေးများက အများအားဖြင့် ချစ်စရာကောင်းကြပါတယ်။ ဒါ့အပြင် အချစ်ခံရသော မိန်းကလေးများဖြစ်ကြတယ်။
သူတို့ရဲ့ တွေးခေါ်မှု့တွေက မော်ဒန်ကြပြီး ပြိုင်ဘက်ကင်းကြတယ်။

ဆံပင်တွန့်လိမ်ကြိုက်နှစ်သက်သော မိန်းကလေးများ

အများအားဖြင့် ဒီလိုမိန်းကလေးမျိုးက စိတ်မြန်ကိုယ်မြန်လူမျိုးပါ။ ခေါင်းဆောင်ကောင်း ပီသတယ်။ ကျော်ကြားသော မိန်းကလေးမျိုးဖြစ်ပါတယ်။

Credit:Justlife

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box