Facebook Comments Box
ဆရာငြိမ်း၏ (10.Feb.2022 မှ 16.Feb.2022) အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

ဆရာငြိမ်း၏ (10.Feb.2022 မှ 16.Feb.2022) အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ
မိမိအသစ်မိမိအတွက်တွေဝေဒွိဟဖြစ်စရာများ ၊ဆုံးဖြတ်ရခက်စရာများကြုံရတတ်ပါတယ်။ ခရီးတွေလဲ သွား ရ တတ်ပါတယ်။ မိမိကို လုပ်ဖော်ကိုင်ဖက်တွေက အထင်လွဲနေပါလိမ့်မယ်။ မိမိလုပ်စရာရှိတာ ရဲရဲရှေ့တိုး ဆောင်ရွက်ပါ။ သားသမီးရှိရင်လဲ ဆိုဆုံးမရခက်နေပါလိမ့်မယ်။ မိမိအနေနဲ့ အေးအေးဆေးဆေးပဲပြောဆိုဆုံးမ ပေးပါ။စိတ်လိုက်မာန်ပါမလုပ်ပါနဲ့။ အိမ်တွင်းရေးအနေနဲ့က အမွေကိစ္စနဲ့ပတ်သက်ပြီး ပြဿ နာပေါ်ရတတ်ပါတယ်။ ဝေးကွာနေတဲ့ မိတ်ဆွေတွေနဲ့ လဲ ပြန်လည်ဆုံဆည်းရမှာပါ။ တရားဘာဝနာအားထုတ်နေတဲ့သူတွေအနေနဲ့လဲ တရား ထူး ရလာပါလိမ့်မယ်။ အချစ်ရေးကံအထူးကောင်းမွန်နေမဲ့အချိန်ပါပဲ။ ကျန်းမာရေးလဲ နှာစေးချောင်းဆိုးကလွဲလို့ ထူးထူးခြားခြား မဖြစ်ပါဘူးဗျ။ ပညာရေးကံကတော့ အကောင်းဆုံးအချိန်ပါပဲ။ ဒီကာလမှာ အနေအထိုင်မဆင်ခြင် တာနဲ့ ကူးစက်ရောဂါဝင်လာတော့တာပါပဲ။ အရမ်းပင်ပန်းအောင်အလုပ်လုပ်လိုက်တာမျိုး ရှောင်စေ ချင်ပါတယ်။ အိပ်ရေးလဲအပျက်မခံပါနဲ့။ မိမိမှာရှိတဲ့ စက်ပစ္စည်းတွေခဏခဏပျက်နေရလိမ့်မယ်။ စက်ပစ္စည်း အသစ် တွေလဲ မဝယ်ပါနဲ့။ ပျက်တဲ့ပစ္စည်းတွေပြင်သုံးပါ။ အချစ်ရေးကံအားနည်းနေတာကို တွေ့ရပါတယ်။ ချစ်သူနဲ့စကားအမှား အယွင်းတွေဖြစ်တတ်ပါတယ်။ ချစ်သူကိုစနောက်မိရာကနေ တကယ်စိတ်ဆိုးတဲ့အဆင့်ကိုရောက်သွားလိမ့်မယ်။
အကျိုးပေးဂဏန်း-၇/၀/၄
အထူးဟော-လုပ်ငန်းတွေ ရှေ့တိုးဆောင်ရွက်ပါ
ယတြာ-ရွှေထီး ၄ လက် မွေးနံထောင့်မှာလှူဒါန်းဆုတောင်းပေးပါ။

တနင်္လာ
ဒီကာလများအတွင်း သင်၏ကံကြမ္မာသည် အကောင်းနှင့်အဆိုး ဒွန်တွဲနေပါသည်။ အစုစပ်ရှယ်ယာ လုပ်ငန်း များ၊ ခရီးသွားလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတို့မှ အကျိုးအမြတ်ကောင်းများ မြောက်မြားစွာ ရရှိနိုင် ပါသည်။ သားသမီးများအတွက် လုပ်ငန်းများ ထူထောင်အကောင်အထည်ဖေါ်ပေးရမည်။ စီးပွားရေး လုပ်ငန်းများကို ဆုံးရှုံးမှုမပေါ်စေရန် မှန်ကန်သော လုပ်ဆောင်ချက်တို့ကို အသိတရားဖြင့် လုပ်ကိုင်ဆောင်ရွက် ရတတ်သည်။ ပညာရေးတွင် မျှော်မှန်း ထားသည့်အတိုင်း မိမိစိတ်ကို တည်ငြိမ်အောင်ထားပြီး ကြိုးစားမှသာလျှင် အောင်မြင်မှုများ ရရှိမည်။ အခွင့်အလမ်းကောင်းများကို လက်လွှတ်မခံပဲ ကြိုးစားလျှင် အောင်မြင်မှုပန်းတိုင်များ အဆင့်ဆင့် ရရှိနိုင် ပါသည်။

စီးပွားရေးကိစ္စနှင့်ပတ်သက်၍ အယူအဆအမှားများနှင့် မိမိကိုနားသွင်းတာမျိုးတွေကြုံရမယ်။မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မနာလိုချောက်ချခြင်းကို ခံရမဲ့အချိန်ပါပဲ။ အချစ်ရေးမှာတော့ မိမိကိုတန်ဖိုးမထားတဲ့ ချစ်သူကြောင့် စိတ်ကုန်ရတတ်ပါတယ်။ခရီး ရှည် သွားဖို့ရှိရင် ရက်ရွှေ့လိုက်ပါ။အထူးသဖြင့် ရေလမ်းခရီးဆို မသွား တာ အကောင်းဆုံးပါပဲ။ ကျန်းမာရေးအထူး ကောင်း ပေမဲ့ မတော်တဆခိုက်မိခြင်း ၊သွေးထွက်သံယိုဖြစ်ခြင်း မျိုးကြုံကြရမှာပါပဲ။အိမ်ထောင်ရေးကံ အဆင်ပြေချောမွေ့ပါလိမ့်မယ်။
အကျိုးပေးဂဏန်း ၅/၀/၉
အထူးဟော ကံညံ့နေသည်။
ယတြာ သီးစုံအချဉ်ဟင်းချက်ပြီး လေးဆင့်ချိုင့်ဖြင့် ထည့်၍ နီးစပ်ရာဘုန်းကြီးကျောင်းမှာကပ်လှူနိုင်ပါတယ်။

အင်္ဂါ
ဒီကာလဟာ ငွေအထွက်များနေတတ်တဲ့ကာလပါပဲ။ အိမ်အတွက် ဝယ်စရာတွေရှိတဲ့အတွက် ငွေကုန်ရခြင်း မျိုးပါပဲ။ အိမ်ထောင်ရေး အိမ်တွင်းရေးတော့ အထူးသတိထားရပါလိမ့်မည်။ လင်မယားချင်း စကားများရတတ် တဲ့ကာလမို့ပါပဲ။ မိသားစုအတွင်းအောက်လက်ငယ်သားတွေကြောင့် စိတ်ညစ်စိတ်ရှုပ်ရတတ်ပါတယ်။ ခရီးရှည်သွား ဖို့ ကိစ္စများ ရှိရင်ပျက်သွားတတ်ပါတယ်။ မိမိရဲ့ အဖိုးတန်ပစ္စည်းအသုံးအဆောင်များကို လွယ်လင့်တကူမထားပါနဲ့ ။ သူခိုးခိုးခံရတတ်လို့ပါပဲ။အချစ်ရေးကိစ္စတွေမှာ အဆင်ပြေမလိုလိုနဲ့ အဖျားရှူးသွားတတ်ပါတယ်။ ပညာရေး နယ်ပယ် မှာ အားနည်းမှုလေးတွေရှိနေပါတယ်။ မိမိကိုယ်တိုင် စိတ်ပျံ့လွင့်နေတတ်တာမျိုးပေါ့။ ကျန်းမာရေးကတော့ အဆိုးကြီးမဟုတ်ပါဘူးဗျာ။ငွေစုခြင်း၊ငွေချေး ငှားခြင်း၊ စတိုးဆိုင်ဖွင့်ခြင်း၊ ကုမ္ပဏီထူထောင်ခြင်း၊ သစ်သီးဝလံ များ ရောင်းဝယ်ခြင်း၊ မွေးမြူရေး လုပ်ငန်း၊ ဆန်၊ ဆီ၊ ဆေးဝါးရောင်းဝယ်ခြင်းများ ဖြစ်ထွန်းမည်။ လုပ်သမျှတွေဟာ အထစ်အငေါ့လေးတွေဖြစ်ပြီးမှအဆင်ပြေရတတ်ပါတယ်။ ကြံစည်လိုက်တဲ့ကိစ္စတိုင်း လုပ်ကိုင်ဆောင်ရွက်လိုက်တဲ့ ကိစ္စတိုင်း အတားအဆီးကြုံရတတ်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟဖြင့် ဆုံးဖြတ်မိခြင်းများကြောင့် ဆုံးရှုံး နစ်နာ ရတတ်သဖြင့် စိတ်ကိုတည်ငြိမ်စွာ ထားပြီးမှ အရာရာဆုံးဖြတ်လုပ်ကိုင်ပါ။ အဆင်ပြေပါလိမ့်မည်။
အကျိုးပေးဂဏန်း ၆/၃/၇
အထူးဟော အနည်းငယ်စိတ်ပင်ပန်းရတတ်ပါတယ်။
ယတြာ ထောပတ်သီး ဘုရားကပ်လှူပါ

ဗုဒ္ဓဟူး/ရာဟု
ကံကောင်းခြင်းတွေ အလှည့်ကျလာတဲ့ ၇ရက်တာအချိန်အခါလေးပါပဲ။ လုပ်သမျှအဆင်ပြေခြင်း၊ကြံစည် သမျှအောင်မြင်ခြင်း၊ ပြောသမျှသြဇာညောင်းခြင်းမျိုးတွေ ကြုံရမှာပါ။အနာဂတ်အတွက် targetသစ်တွေစတင် ချမှတ် လို့ကောင်းပါပြီ။ ရေရှည်စီမံလုပ်ကိုင်ရမဲ့ အလုပ်တွေကို ယခုအချိန်စတင်ခြင်းဖြင့် ခိုင်မာတဲ့ လုပ်ငန်းတစ်ခု အနေနဲ့ အခြေတည်လာပါလိမ့်မယ်။ အလှူအတန်းကိစ္စများ ဘာသာရေးနဲ့ ပတ်သက်သော ကိစ္စများတွင် ဝင်ရောက် လုပ်ကိုင်းပေးရတတ်တဲ့အချိန်ပါပဲ။ ရွှေငွေလက်ဝတ်ရတနာတွေလဲဝင်လာတတ်ပါတယ်။ သားသမီးရှိရင် သားသမီး ကြောင့် မိဘတွေဂုဏ်တတ်မဲ့အချိန်ပါ။ မမျှော်လင့်ထားဘဲနှင့် ငွေဝင်မည်။မရည်ရွယ်ဘဲ ငွေအစုလိုက် ပြန်လည်သုံးစွဲ ကုန်ကျရမည်။ အလုပ်တိုးတတ်မည်။

ပညာသင်တန်းများ ဆောင်ရွက်အကျိုးပေးမည်။ ခက်ခဲသောလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်။ ပညာရေးကံလဲ ကောင်း မွန်ခြင်းတွေရှိနေမှာပါ။ကျန်းမာရေး အဆိုးကြီး မဟုတ်ပေမဲ့ ကျန်းမာရေးအတွက်တော့ အနည်းငယ်ပူပန်သောက ရောက်ရ ပါလိမ့်မယ်။ ပညာရည်တိုးတတ်ခြင်း ပညာရေးအပေါ် စိတ်ဝင်စားခြင်းမျိုးရှိနေပါတယ်။ အချစ်ရေးကံ ကတော့ မကောင်းနိုင်သေးပါဘူး။ ဒီကာလမှာ ချစ်သူနဲ့ ပြဿ နာတတ်ရင် လမ်းခွဲရသည်ထိဖြစ်တတ်ပါတယ်။ညံနေတာကတော့ အချစ်ရေးပါပဲဗျ။
အကျိုးပေးဂဏန်း ၄/၈/၁
အထူးဟော ကံမြင့်နေမည်။
ယတြာ လက်ဖက်လေးသုပ်ပြီး ဘုရားကပ်လှူပါ။

ကြာသပတေး
မိမိကို ဒုက္ခပေးနဲ့သူတွေရှိသလို မိမိကိုကူညီမဲ့သူတွေလဲရှိမဲ့ကာလပါ။ မိမိဘက်ကမှန်အောင်နေပါ။အရာ အားလုံး ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။ ဖခင်ရဲ့ ကူညီထောက်ပံ့ခြင်းတွေလဲ ရလာမဲ့အချိန်ပါပဲ။ အလုပ်ထဲမှာ လူကြီး တွေရဲ့ အရေးပေးခြင်းမျိုးခံရပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးသမားများ ဖောက်သည်သစ်တိုးခြင်း လုပ်ငန်းချဲ့ထွင် နိုင်ခြင်းမျိုးရှိပါလိမ့်မယ်။ ဝန်ထမ်းများ အနေနဲ့လဲ အလုပ်ထဲမှာ မိမိပြောစကားများ အောင်မြင်မဲ့အချိန်ပါ။ မိမိပြော သမျှ သြဇာညောင်းပါလိမ့်မယ်။ ဒီကာလဟာ ဇာတာရှင်အတွက်အကောင်းဘက်ကို အလေးသာတဲ့ ကာလပါပဲ။ စိတ်ကူးထဲမှာရောလက်တွေ့မှာရော မျော်လင့်ထားတာလေးတွေ ဖြစ်လာပါလိမ့်မယ်။ မိမိနဲ့အတူတူ လုပ်ကိုင်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေက မိမိကိုအချစ်ပိုလာတတ်ပါတယ်။ကံကောင်းနေတာတစ်ခုက ချစ်သူကစိတ်ကောက်နေ တာ၊ အထင်လွဲနေတာမျိုးရှိရင်တော့ ဖြေရှင်းနိုင်ပါလိမ့်မယ်။ အလုပ်မှာ ရာထူးတိုးခြင်း ၊နေရာကောင်းရခြင်းမျိုးကြုံ ရပါလိမ့်မယ်။ ပုဂ္ဂိုလ်ထူးတွေရဲ့ အိပ်မက်မက်ပေးခြင်းမျိုးကြုံ ရပါက ထီထိုးလိုက်ပါ။ ငွေအစုလိုက်ဝင်မဲ့ နိမိတ်မို့ပါ။ ကျန်းမာရေးအနေနဲ့ အစားအသောက်ဆင်ခြင်ပါ။ အကင်များ ၊မကျက်တကျက်အစာများ လုံးဝမစားပါနဲ့။ ပညာထူး အသိထူးတွေရမဲ့အချိန်ပါပဲ။ ဦးတည်ချက်သစ်နှင့် လုပ်ကိုင်ရန် အခြေအနေများ ပေါ်မည်။ ချက်ချင်းဆုံးဖြတ်ပြီး တစ်ဟုန်တိုး ရှေ့တိုးလုပ်ဆောင်သော ကိစ္စများမှန်သမျှ အထူးအောင်မြင်မှုများ ရရှိမည်ဖြစ်ပါသည်။
အကျိုးပေးဂဏန်း ၅/၄/၁
အထူးဟော ပျော်ရွှင်စရာအချိန်ပါပဲ။
ယတြာ ပေါင်မုန့်လေးကို ယိုသုပ်ပြီး ဘုရားကပ်လှူပါ။

သောကြာ
ဒီကာလများအတွင်း သင်သည် အပြိုင်အဆိုင်များကြားမှ ပင်ကိုယ်စွမ်းရည်များကြောင့် တိုးတတ် အောင် မြင်နိုင်သော ဘဝကို ရရှိလာနိုင်ပါသည်။ ကြွေးဟောင်း၊ ငွေဟောင်း၊ ပစ္စည်းဟောင်းများ မမျှော်လင့်ဘဲ ရရှိလာနိုင် ပါသည်။ မိသားစု အမွေကိစ္စများလည်း အဆင်ပြေချောမွေ့စွာ ရရှိလာနိုင်ပါသည်။ ဆေးနှင့် ဆေးပစ္စည်း ထုတ်လုပ် ရောင်းဝယ်ခြင်းလုပ်ငန်း၊ အလုပ်ကုန်ပစ္စည်းများ ရောင်းဝယ်ခြင်း၊ ဓါတ်သတ္ထုတူးဖေါ် ထုတ်လုပ်ရေး လုပ်ငန်းတို့မှ အကျိုးအမြတ်ကောင်းများ ရရှိမည်။ ဘာကြောင့်မှန်းမသိ အလိုလိုနေရင်းစိတ်ညစ်နေရတတ်ပါတယ်။ ဘာလုပ်ရ မှန်း မသိဘဲ စိတ်လေနေတာမျိုးလဲဖြစ်တတ်တယ်နော်။ ဒီကာလဟာ ဘာသာတရားကို လေးလေးနက်နက်လုပ် ခြင်းဖြင့် ကံကောင်းမှုတွေရှိလာမှာပါ။ အချစ်ရေးကိစ္စတွေကို စိတ်ဝင်စားမှုနည်းနေတဲ့အချိန်ပါ။ ၁၅၀၀ထက် ၅၂၈မေတ္တာအပေါ်မှာပဲ ကျေနပ်နေချိန်ပါ။ ပညာရေးကတော့ အထွေအထူးပြောစရာမရှိပါဘူး။ ဘယ်လောက်ထိ ကြိုးစာမယ်ဟေ့ လို targetထားပြီးမှ လက်တွေ့မှာ လိုက်မလုပ်မိတတ်ပါဘူး။ လူကြီးသူမတွေက အထင်လွဲကြ လိမ့်မည်။ စိတ်ညစ်စရာ ဧည့်သည်တွေလည်း ရောက်လာရတတ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ ဘာအခက်အခဲ ပဲကြုံကြုံ ဇွတ်အတင်းဖိပြီး လုပ်ကိုင်ဆောင်ရွက်သွား သင့်ပါတယ်။
အကျိုးပေးဂဏန်း ၉/၈/၅
အထူးဟော ကျန်းမာရေးဂရုစိုက်ပါ
ယတြာ ကော်ဖီဗူးလေးတစ်ဗူး မိတ်ဆွေတစ်ဦးကို လက်ဆောင်ပေးလိုက်ပါ

စနေ
ဒီကာလများအတွင်း သင်သည် လုပ်ငန်းသစ်များ၊ နေရာအပြောင်းအလဲများ လုပ်ကိုင်ရန် ဆန္ဒရှိသည့်အတိုင်း ဆောင်ရွက်လုပ်ကိုင်ရတတ်ပါသည်။ အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ခြင်း၊ လျှပ်စစ်လုပ်ငန်း၊ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ကုမ္ပဏီထူထောင်ခြင်း၊ ယာဉ်နှင့်စက်ပစ္စည်းများ ရောင်းဝယ်ခြင်းများ အထူးကောင်းမွန်နေပါသည်။ လူမျိုးကွဲ၊ လူမျိုးခြား၊ ကပြားများ အထူးအကျိုးပေးမည်။ ကတိပျက်သောသူများနှင့် ကြုံတွေ့နေရတတ်ပါသည်။ အရာရာကို ကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်ပါမှ အဆင်ပြေအောင်မြင်လာပေလိမ့်မည်။ ရန်နည်းအောင် အတတ်နိုင်ဆုံး လျှို့ဝှက် ဆောင်ရွက်ပါ။ တစ်ပါးသူ၏ အနှောက်အယှက်များကြောင့် ဥပဒေနှင့် ရင်ဆိုင်ရတတ်ပါသည်။ စက်မှု၊ လက်မှုပညာများ သင်ယူခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်ခြင်း၊ ပြည်ပသို့ ပညာသင်ယူစိတ်များ မကြာခဏ ပေါ်ပေါက်လာတတ်ပါသည်။ ကျန်းမာရေးတွင် မျက်စိဝေဒနာ၊ ကိုယ်လက်ကိုက်ခဲခြင်း၊ သွေးအားနည်း ခြင်း၊ နှလုံးတုန်ခြင်း၊ အသည်းရောဂါများ ခံစားရတတ်ပါသည်။ အလုပ် အဆင် ပြေနေလို့ အလုပ်ထဲစိတ်နှစ် မယ်ကြံ ပြီးခါမှ မိသားစု ပြဿနာတွေကြောင့် အလုပ်ပျက် အကိုင်ပျက် ဖြစ်နေရမည်။ အလုပ်နေရာ၊ အိခ်နေရာ မထင်မှတ်ပဲ အပြောင်းအလဲတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ ကိုယ့်ကို စော်ကားထားတဲ့သူတွေက ပြန်ပြီးတောင်းပန် ကြ လိမ့်မည်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ဘေးပရောဂတွေကြောင့် သွေးကွဲရတတ်ပါတယ်။
အကျိုးပေးဂဏန်း-၃/၄/၀
အထူးဟော-အနှောင့်အယှက်ကြားက တိုးတတ်မှုကိုဖန်တီးရမယ်။
ယတြာ-ဆေးတစ်မျိုးမျိုး မိဘလူကြီးတွေကို ကန်တော့ပါ။
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box